CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Sunday, June 24, 2012

ရခိုင်ပြည်နောက်ဆုံးရ သတင်းများ (၂၃ရက် စနေ ၂၀၁၂)


( Saturday, June 23,  2012, Sittwe)


 ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသောအခြေအနေများနှင့် စပ်လျဉ်း၍ ဇွန်လ ၂၃ ရက်ညနေပိုင်းအထိရရှိသောသတင်းများကို စစ်တွေမြို့သို့ ရောက်ရှိနေသည့် CJ Myanmar သတင်းထောက်တစ်ဦးက ယခုလိုသတင်းပေးပို့ထားပါသည်။

(၁) ရန်ပြုမှု။   ။ ယနေ့ နေ့လယ် ၂ နာရီခန့်က စစ်တွေမြို့ ရခိုင်လူမျိုးများနေထိုင်ရာ မင်းဂံရပ်ကွက်သို့ ဒုတ် ဓားလက်နက်များကိုင်ဆောင်လာသော ဘင်္ဂါလီလူမျိုးများ လာရောက်စိမ်ခေါ်ရန်ပြုမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များမှ ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါသည်။

(၂) ရေသန့်စက်တပ်ဆင်။   ။ နိုင်ငံတကာကြက်ခြေနီအသင်း အကူအညီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်းတွင် ရေသန့်စက်တစ်လုံးယနေ့ စတင်တပ်ဆင်နေပြီး ဘင်္ဂင်္ါလီလူမျိုးအများနေထိုင်ရာဖြစ်သော သဲချောင်းရွာ (သို့) သက်ကယ်ပြင်ရွာတွင်လည်း တစ်လုံးတည်ဆောက်သွားမည်ဟုသိရပါသည်။

(၃) ဘင်္ဂါလီနေရာပြောင်းရွေ့။   ။စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား သက်ကယ်ပြင်ရွာသို့ ယမန်နေ့ကတည်းကစတင်ပို့ဆောင်ပေးလျှက်ရှိရာ ယနေ့အပါအဝင် ၂ ရက်ပေါင်း လူဦးရေ (၁၀၀၀)ခန့်အထိရှိသွားပြီဖြစ်ပြီး စစ်ကားများဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်သည်ဟု သိရပါသည်။

(၄) စင်းလုံးငှား လူစီးယာဉ်များ ငှားခဈေးတက်။   ။စစ်တွေမြို့အတွင်း ပြေးဆွဲလျှက်ရှိသော စင်းလုံးငှား လူစီးယာဉ်များ ငှါးခမှာ ယခင်က တစ်ရက် ၄သောင်းမှ ၅သောင်းအတွင်းရှိသော်လည်း ယခုအခါ ၈ သောင်းမှ ၉သောင်းခန့်အထိမြင့်တက်လျှက်ရှိကြောင်းသိရပါသည်။

(၅) AZG လုပ်ငန်းပြန်လည်စတင်နိုင်ရန်ကြိုးစားလျှက်ရှိ။   ။ NGO အဖွဲ့တစ်ဖွဲ့ဖြစ်သော AZG အဖွဲ့သည် ၀န်ထမ်းတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသော်လည်း လာမည့်အပတ်အတွင်း လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်ကြိုးစားလျှက်ရှိကြောင်းသိရပါသည်။

(၆) နိုင်ငံတော်အကြီးအကဲများ ရခိုင်ပြည်သို့ လာဖွယ်ရှိ။   ။ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ အတန်ငယ် ငြိမ်းချမ်းသွားပြီးသကာလ နိုင်ငံတော်အကြီးအကဲများ ရခိုင်ပြည်နယ်သို့ လာရောက်ဖွယ်ရှိကြောင်း ကြားသိရပါသည်။ 

(၇) ရခိုင်ပြည်တွင် ကပ်ရောဂါဖြစ်ပွားမှုမရှိ။   ။ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးအခြေအနေမှာ ကပ်ရောဂါအသွင်ဖြစ်ပွားမှုလုံးဝမရှိဘဲ ပုံမှန်ဖြစ်ရောဖြစ်စဉ်ရောဂါများသာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment