CJMyanmar မှ ပန်ကြားလွှာ

CJMyanmar သည် အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်ပြီး တည်ထောင်ထားခြင်း မဟုတ်ပါ။ CJMyanmar မှ သတင်းများကို ပြန်လည် လက်ဆင့်ကမ်း မျှဝေပေးသည့် အတွက်လည်း ကျေးဇူး အထူးတင်ရှိပါသည်။ CJMyanmar သတင်းများကို ပြန်လည် မျှဝေရာတွင် CJMyanmar မှ CJ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသော အားဖြင့် CJ သတင်းထောက် အမည် (CJMyanmar) သတင်းအား ပြန်လည် မျှဝေခြင်း ဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။ အခြား သတင်း website များ blog များ Facebook page များ group များတွင် CJMyanmar မှ CJ များ၏ သတင်းများကို credit မပေးဘဲ သူတို့ကိုယ်ပိုင် သတင်းပုံစံမျိုး ပြန်လည် ဖော်ပြနေသည် များကို တွေ့ရှိ နေရပါသည်။ ယင်းကဲ့သို့ ကူးယူဖော်ပြနေ သည်ကို တွေ့ရှိပါက CJMyanmar သို့ အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Sunday, June 17, 2012

မန္တလေးမြို့ပေါ်၌ လျှပ်စစ်ဓါတ်အားလိုင်းများ အချိန်ပိုင်းဓါတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း


(Sunday, June 17, 2012 , Mandalay)


အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီ
းဌာန၊ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ Black Start Test ကို ၁၇.၆.၂၀၁၂ (တနင်္ဂနွေနေ့)နံနက်(၁၀း၀၀)နာရီ အတွင်း စမ်းသပ်မောင်းနှင်ဆောင်ရွက်မည်ဖြစ်၍စမ်းသပ်ချိန်အတွင်း ၂၃၀ကေဗွီမြောက်ပြင်ပင်မဓာတ်အားပေးစက်ရုံမှ မန္တလေးမြို့ပေါ်သို့ ဓာတ်အားဖြန့်ဖြူးပေးထားသောဓာတ်အားလိုင်းများ အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်းနှင့် ၄င်းစမ်းသပ်မောင်းနှင်မှုပြည့်စုံအောင်မြင်ပါက တစ်နိုင်ငံလုံးဓာတ်အားပြတ်တောက်ချိန်တွင် မန္တလေးမြို့ဓာတ်အားပိုမိုလျင်မြန်စွာပြန်လည်ရရှိနိုင်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 သတင်း နှင့် ဓါတ်ပုံ  #CJM-031

No comments:

Post a Comment